ကျုံပျော် စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခဲ့ရာ ကျုံပျော်မြို့နယ် ကျုံမရမ်းကျေးရွာရှိ တွင်းနက်တစ်တွင်းအား ရေပြန်ကျချိန်တွင် တွင်းဆေးတွင်းမှုတ်လုပ်ငန်းများ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် စက်တင်ဘာ ၂၂ ရက်က ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျုံမရမ်းကျေးရွာရှိ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင်ဌာနမှ ဆောင်ရွက်ပေးခဲ့သည့် တွင်းနက်တစ်တွင်းအား ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းစွာသောက်သုံး၍ရသည်အထိ တွင်းဆေးတွင်းမှုတ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လက်နှိပ်တုံကင်များအား ကလိုရင်းခတ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)


