ပြင်ဦးလွင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၂၃

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားသည်။

 

ထို့နောက် ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံး ခရိုင်ဦးစီးမှူးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ မြို့နယ်အဆင့် တက်ရောက်လာသော ဌာနဆိုင်ရာ ကော်မတီဝင်များက မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုတို့ကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)