လားရှိုး စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ် (Kaeru Caravan) ကို ယနေ့တွင် အထက (ခွဲ) အလက(၅)၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အထက(ခွဲ)အလက (၅)၌ ကျောင်းသား ကျောင်းသူ ၅၆၃ ဦးတို့အား မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ဖြစ်ပွားလာပါက အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာများ စိမ့်ဝင်ပျံ့နှံ့စေရန် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူမော်(ပြန်/ဆက်)


