လေးမျက်နှာမြို့နယ်၌ သန့်ရှင်းရေးဆောင်ရွက်

လေးမျက်နှာ စက်တင်ဘာ ၂၂

 

ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနဦးစီးမှူး ညွှန်ကြားရေးမှူးက အနီးကပ်ကြီးကြပ်၍ လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ ကွင်းလယ်ဘုန်းကြီးကျောင်းကို ယနေ့နံနက်ပိုင်းက သန့်ရှင်းရေး ဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ကွင်းလယ်ဘုန်းတော်ကြီးကျောင်း သာယာလှပစေရေးအတွက် ရေကျသွား၍ တင်ကျန်ရစ်သောနုန်းများ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ကျောင်းပတ်ဝန်းကျင် ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ခြင်းတို့ကို မီးသတ်တပ်ဖွဲ့ဝင် ၃၀ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဦးသာ