ဂျပန်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်း ဒူဂျွမ် ဝင်ရောက်တိုက်ခတ်

တိုကျို စက်တင်ဘာ ၂၂

 

ဂျပန်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်း ဒူဂျွမ် ဝင်ရောက်တိုက်ခတ်မှုကြောင့် ကန်တိုနှင့် တိုကျိုကျွန်းဒေသတို့တွင် စံချိန်တင် မိုးရွာသွန်းမှုများရှိခဲ့ပြီး ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

တိုင်ဖွန်းမုန်တိုင်း ဒူဂျွမ်သည် ဂျပန်နိုင်ငံအတွင်းမှ လက်ရှိအချိန်တွင် ထွက်ခွာသွားပြီးဖြစ်သော်လည်း နိုင်ငံသားများအနေဖြင့် သဘာဝဘေးများအတွက် သတိပြုနေထိုင်ကြရန် တာဝန်ရှိသူများက သတိပေးပြောကြားသည်။ ချီဘာစီရင်စု ဆာကူရာမြို့ရှိ လူနေထိုင်ရာဒေသများတွင် စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ရေကြီးရေလျှံမှုများ ဖြစ်ခဲ့ကြောင်းနှင့် ကာနာဂါဝါစီရင်စု ယိုကိုဆူကာမြို့တွင် လည်း မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ စီရင်စုအတွင်းရှိ အဆောက်အအုံတစ်ခုမှာလည်း ရွှံ့နွံပြိုမှု ဒဏ်ခံခဲ့ရပြီး ၎င်းအဆောက်အအုံတွင် နေထိုင်သည့် အသက် ၂၀ အရွယ်ရှိ အမျိုးသမီးမှာ ပျောက်ဆုံးခဲ့သည်။ ချီဘာ စီရင်စုအတွင်းဖြစ်ပွားသည့် မြေပြိုမှုများတွင် ဒေသခံငါးဦးသေဆုံးကာ နှစ်ဦး ပျောက်ဆုံးပြီး ၎င်းတို့သည် သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေစဉ် နေအိမ်အတွင်း၌ ရှိနေခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

အင်န်အိတ်ချ်ကေ