အေစီမီလန်အသင်းက လက်ချီအသင်းကို ဂိုးပြတ်အနိုင်ရပြီး အမှတ်ပေးဇယားအဆင့်(၅)နေရာ တက်လှမ်း

အီတလီစီးရီးအေပွဲစဉ်(၅)ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အေစီမီလန်အသင်းနဲ့ လက်ချီအသင်းတို့ ပွဲစဉ်ကို စက်တင်ဘာ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ အေစီမီလန်အသင်းက လက်ချီအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

 

အဲဒီပွဲစဉ်မှာ အေစီမီလန်အသင်းက သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး အေစီမီလန်အသင်းအတွက် သွင်းဂိုးတွေကို ပူလီဆစ်၊ ရာဘီယော့နဲ့ မိုရီရာတို့က တစ်ဂိုးစီ သွင်းယူ ပေးခဲ့တာဖြစ်ပါတယ်။

 

အေစီမီလန်အသင်းဟာ လက်ချီအသင်းကို အနိုင်ရရှိခဲ့တာကြောင့် စီးရီးအေပွဲစဉ်(၅) ယှဉ်ပြိုင်ကစားပြီးချိန်မှာ သုံးပွဲနိုင်၊ နှစ်ပွဲသရေရလဒ်ဖြင့် ရမှတ် ၁၁ မှတ် စုဆောင်းနိုင်ခဲ့လို့ အမှတ်ပေးဇယားအဆင့်(၅)နေရာ တက်လှမ်းခွင့်ရရှိခဲ့ပေမယ့် လက်ချီအသင်းကတော့ ရမှတ်ခြောက်မှတ်သာ ရရှိခဲ့တာမို့ အဆင့်(၁၂)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

 

လက်ရှိ အီတလီစီးရီးအေအမှတ်ပေးဇယားမှာ ရိုးမားအသင်းက အဆင့်(၁)၊ အင်တာမီလန်အသင်းက အဆင့်(၂)၊ လာဇီယိုအသင်းက အဆင့်(၃)၊ ကာဂလီယာရီအသင်းက အဆင့်(၄)အသီးသီး ရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ်