ရန်ကုန် စက်တင်ဘာ ၂၂
ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲ၏ Esports အားကစားနည်း eFootball ပြိုင်ပွဲ အုပ်စုပွဲများကို စက်တင်ဘာ ၂၂ ရက်က ကျင်းပရာ မြန်မာအသင်းအုပ်စုမှ ထွက်ခဲ့ရသည်။
ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Team Zanaka အသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်တွင် ဂျော်ဒန်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ဘာရိန်းအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့သဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရခြင်းဖြစ်သည်။ အာရှအားကစားပြိုင်ပွဲ Esports ပြိုင်ပွဲကို အောက်တိုဘာ ၂ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။
မြန်မာနိုင်ငံကိုယ်စားပြု Team Zanaka အသင်းသည် Honor of Kings ပြိုင်ပွဲ၊ PUBG Mobile ပြိုင်ပွဲ၊ Mobile Legends: Bang Bang ပြိုင်ပွဲတို့တွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-MESF


