ရန်ကုန် စက်တင်ဘာ ၂၁
(၂၈)ကြိမ်မြောက် Interna-tional Youth Football in Niigata နိုင်ငံတကာဖိတ်ခေါ်လူငယ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲကို ယနေ့တွင်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။
မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် နီဂါတာလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။ နီဂါတာလက်ရွေးစင်အသင်းသည် ပထမပိုင်းတွင် တစ်ဂိုး၊ ဒုတိယပိုင်းတွင် တစ်ဂိုးသွင်းယူကာ အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်းတွင် ပင်နယ်တီကန်ခွင့်ရသော်လည်း ဘားတန်းထိထွက်ခဲ့သဖြင့် နှစ်ဂိုးဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲကို လေးသင်းပတ်လည်စနစ်ဖြင့် ကျင်းပခဲ့ပြီး မြန်မာအသင်းသည် တစ်ပွဲနိုင်၊ နှစ်ပွဲရှုံး သုံးမှတ်ရရှိခဲ့သည်။ မြန်မာအသင်းသည် နယူးဇီလန် ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဂျပန် ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းကို လေးဂိုး-နှစ်ဂိုး၊ နီဂါတာလက်ရွေးစင်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။
ချစ်ကိုကို


