ရန်ကုန် စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၀၀ နှင့် ဆရာ ဆရာမများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်သို့ သွားရောက်လေ့လာကြသည်။
ရှင်းလင်းပြောကြား
ထိုသို့ သွားရောက်လေ့လာစဉ် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စောနန်းနွယ်က အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် သမိုင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်မှ တာဝန်ရှိသူများက မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းမှ ဆရာမကြီး ဦးဆောင်သော ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား မော်ကွန်းတိုက်၏ စာရွက်စာတမ်းများ ထိန်းသိမ်းခြင်း၊ လုပ်ငန်းများ လေ့လာခြင်း၊ စာရွက်စာတမ်းများ၊ သတင်းစာများ သို့မဟုတ် စာအုပ်များကို အရွယ်အစား အလွန်သေးငယ်အောင် (Micro film ဖလင်ပေါ်သို့) ဓာတ်ပုံရိုက်ကူး သိမ်းဆည်းခြင်း၊ မိုက်ခရိုဖလင် ရိုက်ကူးခြင်းလုပ်ငန်း များနှင့် ပြခန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူများအား ပျော်ရွှင်ဖွယ် ဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့ရာ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


