ထားဝယ် စက်တင်ဘာ ၂၀
၂ဝ၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ကြသော သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား ဆုချီးမြှင့်သည့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ မဟာသိဒ္ဓိမာရ်အောင် ထန်းတောအရှေ့ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး အမှူးပြုသော ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ထားဝယ်မြို့ မဟာသိဒ္ဓိမာရ် အောင် ထန်းတောအရှေ့ပရိယတ္တိစာသင်တိုက် ပဓာနနာယက မြို့နယ်သံဃနာယကအဖွဲ့ (သုဓမ္မာဂိုဏ်း) ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇောဒယထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ထားဝယ်စာဖြေဌာနမှ အောင်မြင်တော်မူသည့် ပထမကြီးတန်း လေးပါး၊ ပထမလတ်တန်း ငါးပါး၊ ပထမငယ်တန်း ၂၄ ပါး၊ အခြေပြုမူလတန်း ၃၃ ပါးတို့အား အောင် လက်မှတ်၊ စာအောင်ဆုနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


