ညောင်ရွှေမြို့ သီတင်းကျွတ်ဖောင်တော်ဦးဘုရားပွဲတော်ကျင်းပရေး အစည်းအဝေးပြုလုပ်

ညောင်ရွှေ စက်တင်ဘာ ၂၀

 

ရှမ်းပြည်နယ် ညောင်ရွှေမြို့ သီတင်းကျွတ် ဖောင်တော်ဦးဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၀ ရက်က ရွှေတောင်ဦးစုမ့်မိန်း စေတီတော်ဓမ္မာရုံ၌ ကျင်းပသည်။

 

ဦးစွာ အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းနှင့် ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌတို့က ပွဲတော်ကျင်းပရေး လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

 

ဖောင်တော်ဦး ဘုရားပွဲတော်ကြီးကို အောက်တိုဘာ ၁၈ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ