ရွှေဘို စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၁၈ ရက်က ရှင်ယွန်းစံခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပြောကြား
ဦးစွာ ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက တောင်သူ ၅၈ ဦးအား ယူရီးယား ဓာတ်မြေဩဇာ၊ ကွန်ပေါင်း ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဓာတ်မြေဩဇာ စနစ်တကျ သုံးစွဲနည်းပညာအကြောင်း ဆွေးနွေးပြောကြားပြီး ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်ထွန်းခိုင်(ပြန်/ဆက်)


