ငဖဲ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၆ ခုနှစ်တွင် ဒေသတွင်းဆန်စပါးဖူလုံစေရေး အတွက် မိုးစပါးစိုက်ပျိုးရန် ၁၀၃၇၃ ဧက လျာထားခဲ့ရာ ယနေ့ထိ လျာထားဧကအားလုံး စိုက်ပျိုးပြီးစီးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးပြီးစီးသည့်စပါးမျိုးကွဲအလိုက် စိုက်ဧကမှာ မနောသုခ ၁၄၇၄ ဧက၊ ဆင်းသုခ ၁၆၄၈ ဧက ၊ အောင်နိုင်တိုး ၄၁ ဧက၊ ဧရာမင်း ၆၆၈၃ ဧက၊ ကောက်ညှင်း ၇၂ ဧက နှင့် တောင်ယာဘော်ဘောက် ၄၅၅ ဧက စုစုပေါင်း ၁၀၃၇၃ ဧက ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးခဲ့ရာ ဒေသခံတောင်သူများအနေဖြင့် အထွက်နှုန်း ကောင်းမွန်သည့် စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း နှင့် ယမန်နှစ်က မိုးစပါးကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက ၁၀၃၇၃ ဧကတွင် တစ်ဧက အထွက်နှုန်း ၈၉.၂၂ တင်း ထွက်ရှိခဲ့ ကြောင်း သိရသည်။
စားရေရိက္ခာ ဖူလုံပေါများရေးနှင့်ပတ်သက်၍ အဓိကစားကုန်ဖြစ်သည့် ဆန်သည် မြန်မာနိုင်ငံအတွက် ဖူလုံမှုရှိပြီးဖြစ်သည့်အပြင် ပြည်ပသို့လည်းနှစ်စဉ်တင်ပို့လျက်ရှိသည်။ ပန်းတိုင်ရည်မှန်းချက်အတိုင်း ပြည့်မီ အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဆန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ပြည်ပသို့ လည်း ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)


