ဘရပ်ဆဲလ် စက်တင်ဘာ ၁၇
ဥရောပသမဂ္ဂကော်မရှင် (EU) သည် ဥရောပတစ်ခွင် ကလေးများလူမှုမီဒီယာအသုံးပြုခွင့်တားမြစ်သည့် အဆိုပြုချက်ကို စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါတားမြစ်ချက်တွင် အသက် ၁၃ နှစ်အောက် ကလေးများနှင့် အသက် ၁၅ နှစ်အထိ ကလေးများကို ၎င်းတို့၏ ကိုယ်ပိုင်အကောင့်ဖွင့်ခြင်းမှ တားမြစ်လိုက်သည်။
ဥရောပသမဂ္ဂ ကလေးများဥပဒေအရ အသက် ၁၃ နှစ်အောက် ကလေးများကို လူမှုမီဒီယာအသုံးပြုခွင့်တားမြစ်ထားသည်။ အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြား ကလေးများကို ၎င်းတို့၏ အုပ်ထိန်းသူ သို့မဟုတ် မိဘများ၏ လူမှုအကောင့်မှ တစ်ဆင့်ခံခွင့်ပြုထားသည့် ကန့်သတ်ချက်ပါရှိသော အကောင့်များကိုသာ အသုံးပြုခွင့်ပေးထားသည်။ အဆိုပါအကောင့်များတွင် ကလေးများအတွက် လူမှုကွန်ရက်များနှင့် ဖုန်းကြည့်ခွင့်ကို တစ်နေ့လျှင် တစ်နာရီသာ ကန့်သတ်ပေးထားသည်။
ယင်းအဆိုပြုချက်တွင် ငယ်ရွယ်သူကလေးများအတွက် ဘေးကင်းလုံခြုံစွာ ဒီဇိုင်းရေးဆွဲထားသော လူမှုမီဒီယာပလက်ဖောင်းများ၊ ဗီဒီယိုမျှဝေသည့် ဝန်ဆောင်မှုများ၊ အွန်လိုင်းဗီဒီယို ဂိမ်းများ၊ အေအိုင်အဖော်များနှင့် အေအိုင်အသုံးပြု အလိုအလျောက် ချက်ဘော့တ်ဖန်တီးမှုများ ပါဝင်သည်။
ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ စာများကို မဆုံးနိုင်အောင် အထက်အောက်ရွှေ့ခြင်းများ၊ ဆုချီးမြှင့်သည့်ပုံစံရေးဆွဲထားသည့် အချို့မက်လုံးပေးပုံစံများနှင့် သတိပေးချက်ပေးပို့ခြင်းများအပါအဝင် စွဲလမ်းနှစ်သက်မှုကို ဖြစ်စေသည့် အမျိုးမျိုးသော အပြင်အဆင်များကို တားမြစ်ထားသည်။
ဆင်ဟွာ


