ခန္တီး စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ “စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို အထက(ခွဲ) နားမေတ္တာကျောင်း၌ ယမန်နေ့က ပြုလုပ်သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက လူငယ်စကားဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသား ကျောင်းသူများက “လူငယ်နှင့် ရည်မှန်းချက်”၊ “လူငယ်နှင့် နည်းပညာ”၊ “လူငယ်နှင့်စာပေ”၊ “လူငယ်နှင့်ကိုယ်ကျင့်တရား”ခေါင်းစဉ်တို့ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


