ပခုက္ကူမြို့နယ်၌ အရန်သားဖွားဆရာမ(သစ်လွင်)သင်တန်းဖွင့်

ပခုက္ကူ  စက်တင်ဘာ ၁၇

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် အရန်သားဖွား ဆရာမ(သစ်လွင်)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပခုက္ကူမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

 

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

အဆိုပါသင်တန်းတွင် အရန်သားဖွားဆရာမ(သစ်လွင်) ၁၀ ဦး တက်ရောက်ပြီး သင်တန်းကာလ ခြောက်လကြာ စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။    

 

ဘာမီသာ(ပခုက္ကူ)