တိုင်းဒေသကြီးနှင့် ပြည်နယ် ပန်ကြပ်ဆီလတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန်  စက်တင်ဘာ  ၁၇

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပန်ကြပ်ဆီလတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲ၏ အမျိုးသား (၅၅-၆၀) ကီလိုပြိုင်ပွဲ ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်မှုကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူသည် အားကစားရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးညီညီ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ    သိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊  အုပ်ချုပ်သူများ/နည်းပြများ၊  အားကစားသမားများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးသည်။

ဗိုလ်လုပွဲအပြီး  ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ အမျိုးသားတစ်ကိုယ်တော်စွမ်းရည်ပြပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ လရောင်လင်း၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းမှ ဇင်မျိုးမင်း၊ တတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းမှ ကျော်ဆန်းလင်း၊ အမျိုးသမီး  တစ်ကိုယ်တော်စွမ်းရည်ပြပြိုင်ပွဲတွင် ပထမဆုရရှိသည့်  ရှမ်းပြည်နယ်အသင်းမှ မေသက်မှူး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ဆွေဇင်စု၊  တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းမှ ဝင်းဝင်းခိုင်၊ အမျိုးသားအသင်းလိုက် စွမ်းရည်ပြပြိုင်ပွဲတွင် ပထမ ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်း၊ တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊  အမျိုးသား (၅၅-၆၀)ကီလိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဝေယံကျော်၊ ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းမှ မင်းခန့်ထူး၊ တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းမှ ဟန်လင်းဌေးနှင့် ပူးတွဲတတိယဆုရရှိသည့် ရခိုင်ပြည်နယ်အသင်းမှ ငြိမ်းချမ်းအောင်၊ အမျိုးသမီး (၅၅-၆၀)ကီလိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်အသင်းမှ သီတာအောင်၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းမှ ခိုင်သဇင်မော်၊ တတိယဆုရရှိသည့် နေပြည်တော်အသင်းမှ စန်းသူဇာဝေနှင့် ပူးတွဲတတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းမှ နန်းသဉ္ဇာမိုး၊ အမျိုးသား (၆၅-၇၀) ကီလိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ် အသင်းမှ နေထူးပိုင်၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်အသင်းမှ စိုင်းဝေယံဖြိုး၊ တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ဇွဲမာန်နှင့် ပူးတွဲတတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဟိန်းထွဋ်အောင်၊  အမျိုးသမီး တံခွန်စိုက် ဆုဖလားရရှိသည့် ရှမ်းပြည်နယ်အသင်းတို့ကို ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသည့်  ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စုပေါင်းတံခွန်စိုက်   ဆုဖလားရရှိသည့်  ရန်ကုန်တိုင်းဒေသကြီးအသင်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုဖလားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)