ရန်ကုန် စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီတွင် ဇဝနရပ်ကွက် မိုးသောက်ပန်း တိုးတက်မှု ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။
ပြောကြား
ဦးစွာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ရန်ကုန်ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးက အမှာစကား ပြောကြားသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများက လူငယ်နှင့် ဖြောင့်မတ် တည်ကြည်မှုနှင့် သက်ဆိုင်သည်များ ဆွေးနွေးကြပြီး ကျောင်းသား ကျောင်းသူများ၏ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)


