ခတ္တမန္ဒူ စက်တင်ဘာ ၁၇
နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရွှံ့နွံပြိုကျမှုဖြစ်စဉ်အတွင်း လက်ရှိအချိန်အထိ သေဆုံးသူ ၁၄၀၃ ဦးရှိပြီး ပျောက်ဆုံးနေသူ ၆၁၅၀ ရှိကြောင်း နီပေါနိုင်ငံ သဘာဝဘေးလျှော့ချရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားသည်။
ရုပ်အလောင်းလေးလောင်းနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုကို ရာဆူဝါခရိုင်ရှိ ချီလိုင်မီ ရေအားလျှပ်စစ်စီမံကိန်း ဥမင်လိုဏ်ခေါင်းအတွင်းမှ ပြန်လည်ရရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဒေသခံ ၁၃၇၄၂ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ဒေသခံ ၂၀၉၆ ဦးမှာ ရာဆူဝါ၊ နုဂါကော့နှင့် ဒါဒန်းခရိုင်များရှိ ခိုလှုံရေးစင်တာ ၂၉ ခု တွင် ခိုလှုံနေကြောင်း မှတ်တမ်းများအရ သိရသည်။
အဆိုပါ ခရိုင်များတွင် ဩဂုတ် ၂၆ ရက်မှစတင်၍ ရွှံ့နွံပြိုကျမှုဖြစ်ပွားခဲ့ရာ ဒေသခံအများအပြားသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကာ ဒေသတွင်းရှိ ရေအားလျှပ်စစ်စီမံကိန်းများနှင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


