စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

မော်လမြိုင် စက်တင်ဘာ ၁၇

 

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

 

ပွဲတော်ကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။

 

အဆိုပါပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာ၊ ပန်းဖွား အဖွဲ့များအတွက် ဂုဏ်ပြုဆုများ ပေးအပ်ပြီး ပြခန်းများ၊ ပြိုင်ပွဲများ၊ ဓာတ်ပုံပြပွဲ၊ ကျောင်းစာကြည့်တိုက်၊ စာဖတ်ခန်းနှင့် ကျောင်းသား ကျောင်းသူများ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှု အားပေးကာ ကျောင်းသား ကျောင်းသူများအတွက် အာဟာရ မုန့်များ ပေးအပ်သည်။

 

ဆက်လက်၍ ပွဲတော်ဒုတိယ ပိုင်းအစီအစဉ်များကို အဆိုပါကျောင်း ပညာရတနာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ပွဲတော် ကျင်းပနိုင်ရေးအတွက် အလှူငွေ ကျပ်သိန်း ၅၀ ပေးအပ်ကာ အလှူရှင်များ၏ အလှူငွေများ လှူဒါန်းမှုအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စည်သူ(ပြန်/ဆက်)