ရန်ကုန်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၆

 

“ကမ္ဘာမြေ ပိုမိုအေးမြဖို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့” “Global Action for A Cooler Planet” ဆောင်ပုဒ်ဖြင့်၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်း အမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် လူငယ်စင်တာ ၌ ကျင်းပသည်။

 

အဆိုပါ အခမ်းအနားတွင်

 

ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်း ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသူများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဂုဏ်ပြုဆုများ ပေးအပ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)