ဟားခါးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ဟားခါး စက်တင်ဘာ ၁၆

 

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဆုများပေးအပ်ချီးမြှင့်အဆိုပါ အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က အမှာစကားပြောကြားပြီး ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်သည်။

 

ထို့အတူ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်က အခြေခံပညာအလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အခြေခံပညာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက အခြေခံပညာ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများအား လည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြပြီး ဆုရစာမူများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

 ခရိုင် (ပြန်/ဆက်)