သာယာဝတီ စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် “ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အထက(၁) သာယာဝတီ ပညာ့အားမာန်ခန်းမ၌ ကျင်းပသည်။
ဦးစွာ သာယာဝတီခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက အမှာစကားပြောကြားပြီး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်( World Ozone Day) အသိပညာပေး ဗီဒီယိုကိုပြသသည်။
ယင်းနောက် စာစီစာကုံးပြိုင် ပွဲဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)


