မိတ္ထီလာ စက်တင်ဘာ ၁၆
မိတ္ထီလာမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားသည်။
ထို့နောက် ၂ဝ၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားသို့ Antonio Guterres ၏ Video Message ၊ UNEP Executive Director Mr. Inger Andersen ၏ Video Message ၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အသိပညာပေးဗီဒီယိုကလစ်နှင့် အယ်လ်နီညိုဖြစ်စဉ်များနှင့် ပတ်သက်သည့် ဗီဒီယိုကလစ်များကို ပြသသည်။ ဆက်လက်၍ ၂ဝ၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့နှင့် စပ်လျဉ်းသည့် ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့မှ ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


