ရန်ကုန် စက်တင်ဘာ ၁၆
စိုက်ပျိုးရေးသမဝါယမအသင်းများကို ဦးဆောင်ဦးရွက်ပြု၍ သမဝါယမစိုက်ပျိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မဲပလီကျေးရွာအုပ်စု တရုတ်စုကျေးရွာ၌ သမဝါယမကဏ္ဍမှ စိုက်ပျိုးရေး စီမံကိန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတိုင်းရက အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဇော်နှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးစီမံကိန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


