ဟင်္သာတ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
တိုက်တွန်းပြောကြား
အခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းက ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအား အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ လျှော့ချသုံးစွဲခြင်းနှင့် အသိပညာမျှဝေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကမ္ဘာကြီးပူနွေးလာမှုနှင့် အိုဇုန်းလွှာပျက်စီးမှုကို ထိန်းသိမ်းပေးကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဦးဇော်မင်းကိုက ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်ကိုပြသခြင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျောင်းအုပ်ဆရာမကြီးအား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခြင်းနှင့် ကျောင်းသား ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


