တောင်သာ စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်အတွင်း ရေဘေးသင့် အိမ်ထောင်စုများအား ဆန်ရိက္ခာ ထောက်ပံ့ပေးအပ်ပွဲကို စက်တင်ဘာ ၁၅ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက တောင်သာမြို့နယ်အတွင်းရှိ ကျောဇီကျေးရွာ၊ ရွာလေးကုန်းကျေးရွာ၊ ရွာဘဲကျေးရွာ၊ ငါးပင်စင်ကျေးရွာ၊ ဆင်မင်းကျေးရွာ၊ သာယာ အေးကျေးရွာနှင့် ကျွန်းကြီး(တ/မ)ကျေးရွာတို့မှ အိမ်ထောင်စု ၄၂၁ စုအတွက် APTERR ဆန် ၁၉၅ အိတ် ထောက်ပံ့ပေးအပ်မှု အခြေအနေအား ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက တောင်သာ မြို့နယ်အတွင်း ရေဘေးသင့်အိမ်ထောင်စုများမှ လူဦးရေ ၁၃၉၅ ဦးအတွက် APTERR ဆန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)


