ရမည်းသင်း စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၌ (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
စုပေါင်းသွေးလှူဒါန်းပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးချစ်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး တင်ဌေးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်ဆေးရုံအုပ်ကြီး ဦးမင်းသိန်းတို့က စုပေါင်းသွေးလှူဒါန်းခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂၅ ဦးအား ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းသွေးလှူဒါန်းပေးနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


