ရန်ကုန် စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆)ကို စက်တင်ဘာ ၁၅ ရက်က ကျင်းပသည်။
ဦးစွာ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ကျော်မိုးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ကော်မတီအတွင်းအရေးမှူး ဦးသိန်းထွန်းအောင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားများ ဆောင်ရွက်နေမှု၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များတွင် ပြည်သူ့စကားဝိုင်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
ထို့နောက် မြို့နယ်အတွင်း စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေးနှင့် ကော်မတီမှ ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် အမြင်များကို ညှိနှိုင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲရင့်သိန်းထွန်း


