မြန်အောင် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဇေယျာသီရိခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာရေးနည်း အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ကျင်းပသည်။
အခမ်းအနားတွင် မြန်အောင်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမြင့်စိုး(စိုးစိုးမြေငြိမ်း)က အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း နာယက အမျိုးသားစာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆုရ စာရေးဆရာကြီး ဦးသန်းညွန့်(ဇင်မင်း-သမိန်ထော)က ဆောင်းပါး/ဝတ္ထုတို၊ ကဗျာရေးသားနည်းနှင့် မြန်မာစာပေ၊ ကဗျာရေးဖွဲ့ပုံနှင့် မြန်မာစာပေ၏ တန်ဖိုးများ၊ ထိန်းသိမ်းရေးနှင့် သမိုင်းကြောင်းများ၊ မြို့နယ်စာရေးဆရာအသင်းမှ ဆရာ ဆရာမများက ကဗျာ/ ဆောင်းပါးဝတ္ထုတို ရေးသားနည်းများကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမာက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ် အသိပညာပေး စာစောင်များအား ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဧရာဦးသာ


