ကွမ်းခြံကုန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကွမ်းခြံကုန်း  စက်တင်ဘာ ၁၄

 

ရန်ကုန် တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက တော်ခရမ်းကြီး ကျေးရွာ အထက်တန်းကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကွမ်းခြံကုန်း မြို့နယ် ပညာရေးမှူး ဒေါ်အေးသန္တာစိုးက အမှာစကား ပြောကြားပြီး ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက လူငယ်နှင့် စာပေအကြောင်းအရာ၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူးက တိုင်းရင်းဆေးအကြောင်း သိကောင်းစရာတို့ကို ဟောပြာသည်၊၊

 

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစား ပြိုင်ပွဲများ ဆက်လက်ကျင်းပရာ မူလတန်းအဆင့်၊  ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင် ကြသည်။ ဆက်လက်၍ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 မြို့နယ်(ပြန်/ဆက်)