အမျိုးသမီးကလောင်ရှင် ၁၄ ဦး စုပေါင်းရေးသားထားသည့် အလင်္ကာမြစ်တို့၏ ဆုံမှတ်(၂) ရသဝတ္ထုတိုများစာအုပ် ထွက်ရှိလာသည်။
စာအုပ်တွင် မလေးမွန်(ပညာရေး)၏ ကျွန်ုပ်တို့၏ မြန်မာ၊ တင့်တယ်ခင်၏ ဗဟိဒ္ဓနှင့် အဇ္ဈတ္တ၊ ရွှေဘုတ်(အင်းစိန်)၏ရွှေပန်းကန်ထက်က အမေ့မျက်ရည်၊ ညွန့်ညွန့်(ကလော)၏ အသိတရားနဲ့ သတိထားစေချင်၊ ခင်မိုးမြင့်၏ မမှားသင့်သောအမှား၊ မို့ (သဲကုန်း)၏ မျက်တောင်များတောင် မခတ်မိသလိုပဲဆို၊ နောင့်ယိမ်းခမ်း၏ အလွမ်း တွေလည်းဝေ ပန်းတွေလည်းကြွေ၊ မဏိမဉ္ဇူ၏ ကောင်းကင်ပြာညိုမှောင် သမ်းလေတော့၊ လှိုင်မေသစ်ဦးကြည်၏ ချစ်သူ့သံစဉ် မည်သံလွင်၊ သီတာ၏ သတိ ခွေးကိုက်တတ်သည်၊ မြတ်သစ္စာ(ဆိပ်ဖြူ)၏ အံ့မခန်းမေတ္တာ စိမ့်စမ်းပမာ၊ ပွင့်စန္ဒီ၏ ဒေါင်းမလေး ‘က’နေသည်၊ စောမြညို၏ မြတ်သောအောင်မြင်ခြင်း၊ ကြည်ကြည်မြင့်မြတ်၏ ပန်းပေးသောပန်း စသည့် အမျိုးသမီးစာရေးဆရာမ ၁၄ ဦးတို့၏ ရသဝတ္ထုတို ၁၄ ပုဒ် ပါရှိသည်။
စာရေးဆရာများက သူသိသော၊ သူကျင်လည်ခဲ့ရသော၊ သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော အကြောင်းအရာများကိုအဓိကထား၍ လိုရင်းတိုရှင်းနှင့် ထိရောက်စွာ ရေးဖွဲ့ထားသည့်အတွက် စာဖတ်သူများ ရသတစ်ခုခု ရရှိခံစားနိုင်လိမ့်မည်ဖြစ်သည်။
စာအုပ်ကို ဆောင်းထီးဖြူစာပေ၊ သုဇိတာဖြတ်လမ်း၊ (၂) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်မှ ထုတ်ဝေ၍ တန်ဖိုးငွေကျပ် ၁၀၀၀၀ ဖြင့် ဖုန်း ၀၉၄၄၈၀၁၃၆၆၂ သို့ ဆက်သွယ်မှာယူနိုင်သည်။
ကြေးမုံ


