ပုသိမ် စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပုသိမ်မြို့ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်နေသည့် ရွှေစည်း ခုံစေတီတော်၊ သစ်ပုတ်ကုန်း လမ်းဘေးဝဲယာတစ်လျှောက်နှင့် အားကစားနှင့် ကာယပညာသိပ္ပံ (ပုသိမ်)တို့သို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


