အင်္ဂပူ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားကို စက်တင်ဘာ ၁၁ ရက်တွင် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပရာ အင်္ဂပူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းနိုင်က သီးနှံပေါ်ပေးစနစ်ဖြင့် တောင်သူများထံ ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တောင်သူများထံ ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တောင်သူများအကြား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာရယူ သုံးစွဲမှုနှင့်ပတ်သက်သည့် စာချုပ်များချုပ်ဆိုကြကြောင်း သိရသည်။
သံသာ(ကျေးလက်)


