လားရှိုး စက်တင်ဘာ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် အရုဏ်ဦး ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အသင်းအမှုဆောင်သစ် ရွေးချယ်ခြင်းကို စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက အရုဏ်ဦးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သဘာပတိအသင်းဥက္ကဋ္ဌ ဦးမောင်ကြူးနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဆမ်မန်းတို့က အမှာစကား ပြောကြားသည်။ ဆက်လက်၍ အသင်းနှစ်ချုပ် ဘဏ္ဍာရေးရှင်းတမ်းများ၊ အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် အသင်းစာရင်းစစ် အစီရင်ခံစာများကို တာဝန်ရှိသူများက ဖတ်ကြားအတည်ပြုပေးပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသား ကျောင်းသူ ၂၆ ဦးတို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ အသင်း၏ အမှုဆောင်သစ်များက ကတိသစ္စာခံယူခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


