လှည်းကူးမြို့နယ် သမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ

လှည်းကူး စက်တင်ဘာ ၁၃

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမဝါယမအသင်းလီမိတက်၏၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ် သမဝါယမဦးစီးဌာန၌ ကျင်းပသည်။

 

ရှင်းလင်းပြောကြား

အစည်းအဝေးတွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာနဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးသူမြင့်က ဆောင်ရွက်ပြီး သမဝါယမဥပဒေနှင့် သမဝါယမလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ရန်နှင့် သမဝါယမစနစ်ဖြင့် စည်းရုံးကြသော စုပေါင်းလယ်ယာမြေစနစ်ဖော်ဆောင်ရေး CBRF လုပ်ငန်းများ ရှင်းလင်းပြောကြားပြီး အမှုဆောင်အသစ်များရွေးချယ်ခြင်း၊ တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ ကတိသစ္စာခံယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အိရွှေစင်လတ်(ပြန်/ဆက်)