ရေတာရှည် စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းကို စက်တင်ဘာ ၁၁ ရက်က ညောင်ပင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အမှာစကားပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


