စကုမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ ဆောင်ရွက်ပေး

မင်းဘူး စက်တင်ဘာ ၁၃

 

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ် စကုမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက လမင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်နှင့် UID များကို စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက စကုမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) တောင်ရပ်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်း၊ စိစစ်ခြင်းနှင့် UID ထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းများကို နေချင်းပြီး ဆောင်ရွက်နေမှုများကို မင်းဘူးခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမင်းလတ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အသက်(၁၀)နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၁ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)