မြိတ် စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားနိုင် စေရေးအတွက် ကျောင်းတိုက်များမှ ရဟန်း/သာမဏေ/သီလရှင်များ၏ သမဏသာရုပ္ပ မဖြစ်သော အလှူခံခြင်း၊ လူပုဂ္ဂိုလ်များ၏ အထောက်ထားမဲ့ အလှူခံခြင်းများကို တွေ့ရှိပါက ဆရာနှင့် ဒကာ လက်တွဲညီစွာ အရေးယူ ဆောင်ရွက်နိုင်စေရန် မြို့နယ်သံဃာ့စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က အောင်မင်္ဂလာပရိယတ္တိ စာသင်တိုက်တွင် စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီက မြိတ်တောင်ကျေးရွာရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များအား တွေ့ဆုံမိန့်ကြားသည်။
တွေ့ဆုံ မိန့်ကြားရာတွင် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ခဲ့ပြီး မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်များနှင့် မြို့နယ် သံဃာ့စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့(ဂိုဏ်းပေါင်းစုံ) ဆရာတော်များက သံဃာ့စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ မိန့်ကြားကြပြီး ခရိုင်သာသနာရေးမှူး ဦးမင်းသိဒ္ဓိအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားကာ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားနိုင်စေရေးအတွက် ဆရာဒကာ လက်တွဲညီစွာ ဆောင်ရွက်ကြရန် ဆွေးနွေး အသိပေးမိန့်ကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)


