တပ်ကုန်းမြို့၌ အခမ်းအနားမှူး ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြား

တပ်ကုန်း စက်တင်ဘာ ၁၃

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ကျင်းပသည့် အခမ်းအနားမှူးဆင့်ပွားသင်တန်းကို စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အဆိုပါသင်တန်းတွင် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။

 

အဆိုပါသင်တန်းကို စက်တင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားခဲ့ကြောင်း သိရသည်။ 

တင်စိုးလွင်