ရန်ကုန် စက်တင်ဘာ ၁၃
စက်တင်ဘာ ၁၂ ရက်က ဂျပန်နိုင်ငံ၌ကျင်းပသည့် ONE SAMURAI 3 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး ဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးပွဲကြုံတွေ့ခဲ့သည်။
အောက်ချင်းလေးသည် Main Event အဖြစ် အိမ်ရှင် ဂျပန်ဖိုက်တာ နာဒါကာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရပြီး အမှတ်ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲကို ကစ်ဘောင်ဆင်စည်းမျဉ်းဖြင့် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီး အောက်ချင်းလေး အနေဖြင့် အကောင်းဆုံးပုံစံပြသနိုင်ရန် ရုန်းကန်ခဲ့ရသည်။
အောက်ချင်းလေးသည် ပထမအချီတွင်သာ အပြန်အလှန်ထိုးသတ် နိုင်သော်လည်း ဒုတိယအချီနှင့် တတိယအချီတွင် နာဒါကာက အသာစီးမှ ထိုးသတ်နိုင်ခဲ့သည်။ အောက်ချင်းလေးသည် အလဲမထိုးခံရသော်လည်း အမှတ်ဖြင့်ဆုံးဖြတ်ရာ တွင် အသာမရဘဲ အိမ်ရှင်ဂျပန်ဖိုက်တာ နာဒါကာ အနိုင်ရရှိခဲ့သည်။
အောက်ချင်းလေးသည် ONE နှင့် ခြောက်ပွဲထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ လေးပွဲရှုံးနိမ့်ထားသည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - ONE


