ကလေး စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ညောင်ပင်သာရပ်ကွက် ဓမ္မာရုံတွင် စက်တင်ဘာ ၁၀ ရက်က ကလေးမြို့သန့်ရှင်းသာယာလှပရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဥပုသ်ချောင်းတံတားအရှေ့ဘက် ပေ ၅၀ နှင့် ဆေးရုံအတွင်း သံတံတားကြား အမှိုက်များစွန့်ပစ်မှုမရှိစေရေး ပြည်သူများအား အသိပညာပေးခဲ့ခြင်းဖြစ်ပြီး အမှိုက်များကို စနစ်တကျထုပ်ပိုး၍ သတ်မှတ်နေရာများတွင်စွန့်ပစ်ရေးကို အသိပညာပေး ဆွေးနွေးသည်။ ထို့ပြင် အမှိုက်များကို မီးရှို့ဖျက်ဆီးမှုမရှိစေရေး၊ ပလတ်စတစ်အသုံးပြုမှု လျှော့ချရေးတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)


