ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး ဟံမြင့်မိုရ်-မြို့ကြီး-ရွာငံ-အောင်ပန်း ကတ္တရာလမ်း တိုးချဲ့ခင်းပေး

ကျောက်ဆည် စက်တင်ဘာ ၁၃

 

ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အချိန်တိုအတွင်း ကုန်ပစ္စည်းများ လွယ်ကူလျင်မြန်စွာ သယ်ယူနိုင်ရေးအတွက် မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဟံမြင့်မိုရ် - မြို့ကြီး - ရွာငံ - အောင်ပန်းကတ္တရာလမ်းကို တိုးချဲ့ခင်းပေးလျက်ရှိသည်။

 

အဆိုပါ ကတ္တရာလမ်းတိုးချဲ့ခြင်းလုပ်ငန်းများကို မိုင်တိုင်အမှတ် ၁/၆.၃၂ မှ ၂/၂.၈၉ အထိ မူလလမ်းအကျယ် ၁၈ ပေအား ၂၄ ပေအကျယ်အထိ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၃၅၈ ကျပ်သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းများပြီးစီးပါက ကုန်စည်စီးဆင်းမှုများ ပိုမိုလျင်မြန် လွယ်ကူသွားမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)