ပြင်ဦးလွင် စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ဗိုလ်မှူးလှဖေ(အငြိမ်းစား)အား ပြင်ဦးလွင်မြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် အသက် ၁၀၂ နှစ်ပြည့် ဂါရဝပြုဂုဏ်ပြုချီးမြှင့်ငွေများ သွားရောက်ပေးအပ်ကြသည်။
ဂါရဝပြုပေးအပ်
ဦးစွာ တာဝန်ရှိသူများက အသက် ၁၀၂ နှစ်ပြည့် ဗိုလ်မှူးလှဖေ (အငြိမ်းစား)အား ဂါရဝပြုနှုတ်ဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ် မန္တလေးတိုင်းဒေသကြီး(စည်ပင် ပြင်ပ) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပြင်ဦးလွင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့တို့က ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဂါရဝပြုပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


