ရေကြည်မြို့နယ်၌ ယာယီလုပ်ငန်းရပ်ဆိုင်းထားသော ကျန်းမာရေးဌာနသုံးခု ပြန်လည်ဖွင့်လှစ်

ရေကြည် စက်တင်ဘာ ၁၀

 

ဧရာဝတီတိုင်းဒေသကြီး  လေးမျက်နှာမြို့နယ် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ယာယီလုပ်ငန်း ရပ်ဆိုင်းထားသော ကျန်းမာရေးဌာနခွဲ ကိုးခုအနက် သုံးခုကို ယနေ့နံနက်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ် ပေးလျက်ရှိသည်။    

 

ရေဝင်ရောက်သဖြင့် ယာယီလုပ်ငန်းရပ်ဆိုင်းထားသော ဇရပ်လှ တိုက်နယ်ဆေးရုံ၊ ငါးသိုင်းချောင်း မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်ရေးဌာနနှင့် ကြပ်ကွင်းကျေးလက်ကျန်းမာရေးဌာနခွဲ တို့သည် ရေများပြန်လည်ကျဆင်းပြီဖြစ်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ထွန်းအောင် ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။                     

 

မြို့နယ်(ပြန်/ဆက်)