ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်

ဘားအံ စက်တင်ဘာ ၁၀

 

ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်းတို့ ပူးပေါင်း၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာ မြှင့်တင်ရေးသင်တန်းကို စက်တင်ဘာ ၈ ရက်က ဘားအံမြို့ Hotel Perfect Hpa-an ၌ ကျင်းပသည်။

 

ဦးစွာ ကရင်ပြည်နယ် အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန် သတ္တု(ရွှေ)ရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်အေးက အမှာစကားပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နေပြည်တော်(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူးက AML/CFT ဥပဒေဆိုင်ရာ အသိပညာများ၊ သတင်းပို့ အဖွဲ့အစည်းဖြစ်သည့် အိမ်ခြံမြေအကျိုးဆောင်များ သိရှိလိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်များကို ဟောပြောပို့ချကာ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့(FIU)မှ ရဲမှူးဦးကိုကိုလေးက AML/CFT ဆိုင်ရာ အသိပညာမြှင့်တင် ရေးလုပ်ငန်းများကို အွန်လိုင်းဖြင့် ပို့ချပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)