ရန်ကုန် စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြောင်းတကာမြို့စက်မှုဇုန်ရှိ Sky Man သံရည်ကျိုလုပ်ငန်းတွင် တရားမဝင်ဓာတ်အား ရယူသုံးစွဲခဲ့မှုကို မြေပြင်ကွင်းဆင်းစစ်ဆေး ဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းခြောက်ဦးအား ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၌ ကျင်းပသည်။
အဆိုပါ ပေးအပ်ပွဲတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌက အမှာစကားပြောကြားပြီး နစ်နာခဲ့သည့် ဓာတ်အားခလျော်ကြေးများ ပြန်လည်ရရှိရေးနှင့် Losses ကျဆင်းရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းခြောက်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


