ကျုံပျော်မြို့နယ်၌ သမဝါယမအသင်းစုလီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့သစ် ‌ရွေးချယ်ပွဲပြုလုပ်

ကျုံပျော် စက်တင်ဘာ ၁၀ 

 

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက်ပိုင်းက ကျုံပျော်မြို့နယ် သမဝါယမဦးစီးဌာန၌ ကျင်းပသည်။

 

ဦးစွာ သမဝါယမအသင်းစုဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့် မြို့နယ်သမဝါယမဦးစီးအရာရှိတို့က အမှာစကားများ ပြောကြားကြသည်။ ထို့နောက် အသင်းအမှုဆောင်များက အစီရင်ခံစာများ၊ ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားရှင်းလင်း၍ အသင်းဝင်ကိုယ်စားလှယ်များ၏ အတည်ပြုချက်ရယူသည်။

 

ယင်းနောက် တိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်ခြင်း၊ တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ ကတိသစ္စာခံယူခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေဝင်းမြင့်(ပြန်/ဆက်)