အင်းစိန်မြို့နယ်၌ ငှက်ပျောပင်များ စုပေါင်းစိုက်ပျိုး

အင်းစိန် စက်တင်ဘာ ၁၀

 

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အမှတ်(၁၀) အခြေခံပညာ မူလတန်းကျောင်း(အင်းစိန်)တွင် တစ်သျှူးငှက်ပျောဖီးကြမ်းနှင့် အခွံဝါသီးမွှေးငှက်ပျောပင်များ စုပေါင်းစိုက်ပျိုးပွဲကို စက်တင်ဘာ ၉ ရက်နံနက်ပိုင်းက ပြုလုပ်သည်။

 

အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်လာသူများအား ပျိုးပင်များပေးအပ်ပြီး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)