Grand Royal M League Week-2 အပြီး ဂိုးသွင်းအများဆုံးစာရင်းတွင် သီဟဇော် သုံးဂိုးဖြင့်ဦးဆောင်

ရန်ကုန်   စက်တင်ဘာ   ၉

Grand Royal M League 2026-2027 အမှတ်ပေးဘောလုံးပြိုင်ပွဲ အပတ်စဉ်(၂) ပွဲစဉ်များအပြီးတွင် ဒဂုံစတားယူနိုက်တက်အသင်း၏ တိုက်စစ်မှူး သီဟဇော်က သွင်းဂိုးသုံးဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

၎င်း၏နောက်တွင် ရှမ်းယူနိုက်တက် တိုက်စစ်မှူး အက်ဆန်ဂျူနီယာ၊ ရန်ကုန်ယူနိုက်တက်အသင်းခေါင်းဆောင် မောင်မောင်လွင်၊ ဒဂုံစတားယူနိုက်တက်  တိုက်စစ်မှူး ပက်ထရစ်ဂီးလ်စ်၊ မြဝတီအသင်း တိုက်စစ်မှူး စိုးသက်မောင်၊ ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး သန်းပိုင်နှင့် စစ်ကိုင်းယူနိုက်တက် တိုက်စစ်မှူး ရာဇာအောင်တို့က သွင်းဂိုး နှစ်ဂိုးစီဖြင့် ဒုတိယနေရာတွင် ပူးတွဲရပ်တည်ကာ ပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်ဆုအတွက် အကြိတ်အနယ်ယှဉ်ပြိုင်လျက်ရှိသည်။

နေမျိုး၊ ဓာတ်ပုံ-ML